Lain.and.life

43 %
57 %
Information about Lain.and.life
Social Media

Published on September 25, 2014

Author: myanmarjobstudent

Source: slideshare.net

Description

How to control sex and women myanmar girl, myanmar boy

တနေ့ အလုပ်ထဲမှာဝန်ထမ်းအမျိုးသမီးတစ်ယောက် ရင်သားပြူးအောင်ဝတ်ဆင်ထားတာကို ဝန်ထမ်းစားသောက်ဆိုင်မှာ သတိပြုမိတယ်။ စားသောက်သူ ဝန်ထမ်းတစ်ရာခန့်လည်း သတိပြုမိပေမဲ့၊ မသိဖာသာပဲနေကြပါတယ်။ သူငယ်ချင်းအမျိုးသားဝန်ထမ်း တစ်ဦးကို.. အေးကွာ.. အလုပ်ခွင်ထဲမှာ ဒီလိုပြူးနေအောင်ဝတ်တာတော့ မကောင်းဘူးထင်တယ်... လို့ပြောမိပါတယ်။ သူငယ်ချင်းက ... ကြည့်သောသူမြင်တယ်လေ... လို့ပြန်ပြောပြီး၊ မသိသလိုပဲ၊ သူ့ဖာသာစားသောက်နေတယ်။ အင်းလေ..မိန်းကလေးကို နှာဘူးစိတ်ကူးသူလို့ ထင်ခံရလဲ မတတ်နိုင်ဘူး။ ယောင်္ကျားတိုင်း နှာဘူးပေမဲ့၊ လူရှေ့သူရှေ့တော့ ခပ်တည်တည်ပေါ့။ ဒါကြောင့် အခု ၂၀၁၄ မှာ စင်ကာပူ ရထား၊ ဘတ်စကားတွေမှာ မိန်းမတွေ ဘောင်းဘီတိုတိုဝတ်ပြီး အလုပ်သွားလာနေကြတာကို နည်းနည်းဆွေးနွေးကြည့်ချင်လာပါတယ်။ ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတစ်ဦး၊ ဘောင်ဘီတိုနဲ့ပိန်ညောင့်နေတဲ့ မိန်းကလေးငယ်ကို တွေ့တယ်။ ဘတ်စ်ကားပေါ်က ဆင်းတော့ သူ့နောက်ကလိုက်ဆင်းရင်း၊ ကိုယ့်ဘေးက အမျိုးသားသူငယ်ချင်းကို မေးလိုက်မိပြန်ပါတယ်။ ...မိန်းမတွေ ဘာကြောင့်ဘောင်းဘီတိုတိုလေးတွေ ရုံးသွားတာတောင်ဝတ်ကြသလဲ မသိဘူး... လို့ပြောမိတယ်။ အမျိုးသားမိတ်ဆွေက သူတို့ယောင်္ကျားတွေ နောက်မိန်းမရအောင် လုပ်နေတာဖြစ်မှာပေါ့...လို့ ရယ်စရာပြောလိုက်ပါတယ်။ တကယ်တော့ မိန်းမအများစုဟာ သူတို့ကို ယောင်္ကျားတွေစိတ်ဝင်စားအောင် လှလှပပဝတ်ဆင်ကြပါတယ်။ ဒါက မိန်းမသဘာဝ လှပချင်တာပါပဲ။ ဒါပေမဲ့ သူတို့ ရင်၊ တင်တွေကို ပေါ်လွင်အောင် တင်းကျပ်အင်္ကျီ၊ ထမီတွေ ဝတ်ဆင်ကြတာကိုလည်း လက်ခံလို့ရပါတယ်။ အခုခေတ်မှာတော့ ဘောင်းဘီတို၊ ပေါင်အတွင်းသားအထိပေါ်အောင်၊ လက်မောင်း၊ရင်သားပေါ်အောင် ဝတ်ဆင်တာတွေ ဘတ်စကား၊ ရထားတွေမှာ တွေ့ရတော့ စိတ်ပျက်မိပါတယ်။ ယောင်္ကျားသဘာဝ ကြည့်ချင်တာတော့ ယောင်္ကျားတိုင်းဆန္ဒဖြစ်ပေမဲ့၊ လူတွေ စာရိတ္တပျက်ပြားလာပြီး ကျောက်ခေတ်ကိုများ ပြန်သွားနေပြီလို့ပဲ ကောက်ချက်ချချင်ပါတယ်။

တိရိစ္ဆာန်နှင့်လူ ဘာကွာပါသလဲ ဒီမေးခွန်းကို အမျိုးမျိုးဖြေနိုင်ပါတယ်။ လူတွေမှာ စဉ်းစားတတ်တယ်။ အရှက်ရှိတယ်။ အဝတ်အစားဝတ်တယ်၊ စားဝတ်နေရေး အခြေခံလိုအပ်ချက် ၃ခုကို ကိုယ့်ဖာသာဖန်တီးတယ်။ စားဖို့စိုက်ပျိုး၊မွေးမြူတယ်၊ ဝတ်ဖို့ အဝတ်ထည်ချုပ်လုပ်တယ်။ နေဖို့ အိမ်ဆောက်တယ်။ တိရိစ္ဆာတွေ စားဝတ်နေရေးအတွက် လူလိုမျိုး မဖန်တီးနိုင်ပါဘူး။ နောက်ဆုံး ပြောရရင်တော့ လူမှာစဉ်းစားဥာဏ်ရှိတယ်လို့ အဖြေတစ်ခုကိုပဲ ရွေးရပါမယ်။ ဗုဒ္ဓဘာသာမှာတော့ တိရိစ္ဆာန်ဆိုတာ အပယ်၎ပါးမှာ ပါတယ်လို့ဆိုပါတယ်။ ဘယ်သူမှ တိရိစ္ဆာဘဝ မဖြစ်ချင်ပါဘူ။ ဒါပေမဲ့ လူ့ဘဝမှာ၊ စားမယ်၊ အိပ်မယ်၊ မေထုံမှီဝဲမယ် အဲဒီ ၃မျိုးကိုပဲ ဦးစားပေးပြီးအသက်ရှင်နေတဲ့ လူတွေ အရမ်းများပါတယ်။ မိန်းမတွေ အဝတ်အစားလှပရုံတင်မက ခန္တာအတွင်းအင်္ဂါတွေ ပေါ်လွင်အောင် ရင်၊လက်မောင်း၊ပေါင်၊ခြေသလုံး လူမြင်အောင်။ ငရံ့ကိုယ်လုံးဖြစ်အောင် ဝတ်ဆင်သွားလာခြင်းကို Sexy လိင်စိတ်နှိုးထစေတယ်လို့ ပြောကြပါတယ်။ ဒီတော့ အခုမိန်းမအချို့ ပေါင်၊ရင်၊လက်မောင်းသားတွေ ထုတ်ဖေါ်၊တင်းကြပ်စွာ ဝတ်ဆင်ခြင်းဟာ ယောင်္ကျားတွေကို လိင်စိတ်နှိုးထအောင် လုပ်တယ်လို့ သတ်မှတ်ရပါမယ်။ ဒါကို ဦးစားပေးနေသူများကို တိရိစ္ဆာန်လိုလူ လို့လည်း ခေါ်နိုင်ပါတယ်။ အလုပ်ခွင်ထဲမှာ ပျော်အောင်လုပ်ပြတာမျိုးဆိုရင်၊ သင်္ဘောသား၊ စစ်သား ယောင်္ကျားသားများအလုပ်တွေမှာ ဒီလိုမိန်းမမျိုး တခါလမ်းလျှောက်ပြရင် ယောင်္ကျားအားလုံးနီးပါး သွားဖြဲ၊ပြုံးကြည့်ကြမှာသေချာပါတယ်။ လိင်စိတ် ဆိုတာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားခြင်းဖြစ်ပါတယ်။ လူဖြစ်ရင် လိင်စိတ်ရှိကြပါတယ်။ လိင်စိတ်မှာ ယောင်္ကျားများက လက်တွေ့လိင်ဆက်ဆံခြင်းကို နှစ်ခြိုက်ကြပေမဲ့၊ အမျိုးသမီးများကတော့ ပွတ်သပ်၊တဝဲဝဲနေတာကိုပဲ နှစ်သက်ကြပါတယ်။ လူနဲ့တိရိစ္ဆာန်မှာ လူတွေက ပိုပြီးလိင်သောင်းကျန်းနေကြပါပြီ။ အခုခေတ် စမတ်ဖုန်းတွေကြောင့် အရင်နှစ်ပေါင်း ၂၀လောက်က ခိုးကြည့်ရတဲ့ ပလေးဘွိုင်အဝတ်မပါမိန်းမပုံ၊ လိင်ဆက်ဆံနေပုံများကို အင်တာနက်မှာ ရု့ပ်ပုံတင်မက၊ အသံ၊ဗွီဒီယိုပါ အလွယ်တကူကြည့်နိုင်နေပါပြီ။ ဒီတော့် မိန်းမတွေလူမြင်ကွင်းမှာ မဖွယ်မရာ၊ ဝတ်ဆင်ခြင်းဟာ စိတ်မထိန်းနိုင်တဲ့ ယောင်္ကျားများအတွက် ပြသနာကြီးဖြစ်လာပါမယ်။ တိရိစ္ဆာန်အဆင့်ကို ကျဆင်းသွားနိုင်ပါတယ်။ လိင်စိတ်ထိန်ချုပ်ခြင်း လူတော်၊လူကောင်းများဟာ လိင်စိတ်ထိန်းချုပ်နိုင်ကြပါတယ်။ ခရစ်ယာန်ကျမ်းစာမှာ ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း.. တို့ကို ဝိညာဉ်အသီး၉လုံး လို့ရေးသားထားပါတယ် (ဂလာတိ ၅း၂၂)။ နောက်ဆုံးအချက်ကတော့ ကာမဂုဏ်ချုပ်တည်းခြင်းဖြစ်ပါတယ်။ ကာမရာဂ ဆိုတာ ယောင်္ကျားတွေမှာ ပိုပြီးများပါတယ်။ သိပ္ပံအချက်လက်များအရ ယောင်္ကျားတွေမှာ မိနစ်ဝတ်တိုင်း လိင်စိတ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိန်းချုပ်ဖို့နည်းလမ်းများစွာ ရှိပါတယ်။ ယောင်္ကျား၃မျိုးရှိတယ်လို့ ခရစ်ယာန်ကျမ်းစာမှာ ဆိုပါတယ်။ ရယ်စရာ စကားလုံးများသုံးပြီး ရေးလိုက်ပါတယ်။ မယဉ်ကျေးဘူး ထင်ရင်လဲ ခွင့်လွှတ်ဖတ်ရှုကြပါခင်ဗျာ။ ၁။ မိန်းမစိုး လို့ခေါ်တဲ့ သင်ကွပ်ခံထားရခြင်း။ ရှေးကာလက ဘုရင်များ၊ သူတို့ဘုရင့်နန်းတော်က မိဘုရား၊ သမီးတော်၊

ကတော်များကို စောင့်ထိန်းဖို့ ခေါ်တဲ့ ယောင်္ကျား၊သန်သန်မာမာတွေ ရှိပါတယ်။ သင်ကွပ်ခံထားရတဲ့အတွက် လိင်မဆက်ဆံနိုင်တဲ့ ယောင်္ကျားဖြစ်ပါတယ်။ ၂။ မိန်းမရှာ လို့ခေါ်တဲ့ မိန်းမစိတ်ရှိသူ ယောင်္ကျားများဖြစ်ပါတယ်။ အခုခေတ်တော့ မိန်းမ၊ ယောင်္ကျား စိတ်၂မျိုးရှိတဲ့ ယောင်္ကျားကို ဂေး Gay လု့ခေါ်ပြီး၊ မိန်းမကိုတော့ လစ်စဘီးယန်း Lisbian လို့ခေါ်ပါတယ်။ ကာမဂုဏ်၂မျိုးစလုံးကို ခံစားနိုင်ပါတယ်။ ၃။ နှာဘူး လို့ခေါ်တဲ့ ယောင်္ကျားစစ်စစ်တွေ ဖြစ်ပါတယ်။ လိင်စိတ် သိပ်ဦးစားပေးလာတဲ့ ယောင်္ကျားတွေက လိင်တူဆက်ဆံမှုတွေအထိ၊ မိန်းမကို တက်မက်ရုံမက၊ ယောင်္ကျားချင်းပါ တက်မက်လာတဲ့အထိ ဆိုးဝါးလာပါတယ်။ ဒီထက်ပိုဆိုးဝါးတာကတော့ ကိုယ်တိုင်ပဲ ယောင်္ကျားချင်းလိင်ဆက်ဆံခံလိုတဲ့ အဆင့်ထိရောက်လာပါတယ်။ ရောမရာဇဝင်မှာ လိင်စိတ်ကို ဦးစားပေးလွန်းတဲ့ ရောမဧကရာဇ် ဂျူးလီယက်ဆီဇာကို အဲဒီလိုယောင်္ကျားလို့ စွတ်စွဲချက်များရှိပါတယ်။ သူဟာ မိန်းမ၊ယောင်္ကျားများကို လိင်ဆက်ဆံရုံမက၊ ကိုယ်တိုင်လဲ ယောင်္ကျားအချစ်တော်ရဲ့ လိင်ဆက်ဆံခြင်းကို ခံတယ်လို့ ဆိုပါတယ်။ ဒါက ကာမဂုဏ် အရမ်းလွန်ကျူးတဲ့အဆင့်ရောက်သူ အထူးသဖြင့် ငွေ၊အာဏာရှင် ယောင်္ကျားများမှာ ဖြစ်တတ်ပါတယ်။ ကာမဂုဏ်ချုပ်တည်းခြင်း လူ့ဘဝအောင်မြင်မှုမှာ ကာမဂုဏ်ချုပ်တည်းခြင်းဟာ အရေးကြီးဆုံးတစ်ခု ဖြစ်ပါတယ်။ ၂၀၀၀ နောက်ပိုင်မှာ ဖြစ်ပျက်တဲ့ အချက်တွေကိုကြည့်ရင်၊ တလင်တမယား စနစ်ထွန်းကားတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ မိန်းမ၊ ယောင်္ကျားရှာ ပြသနာများကြောင့် ရာထူးကျ၊ အရှက်တကွဲဖြစ်ရတာတွေ အများကြီးတွေ့နိုင်ပါတယ်။ မီဒီယာမှာလဲ အလွန်ထွန်းကားတော့ အင်တာနက်၊ ဂျာနယ်များမှာလဲ ပလူပျံအောင် ရေးထားတာကို ဖတ်ရှု၊ ကြည့်ရှုနိုင်ပါတယ်။ ယောင်္ကျားတွေချည်းပဲ လိင်ကျူးလွန်ကြတာဖြစ်ပါတယ်။ ကမ္ဘာကျော် ဂေါက်သီးအားကစားသမား တိုက်ဂါးဝု၊ မိန်းမလိုက်စားလို့..သူ့ မိန်းမနဲ့ကွာရှင်းရခြင်း၊ အမေရိကန်သမ္မတကလင်တွန်၊ အိမ်ဖြူတော်အလုပ်သမနဲ့ အရှုပ်အရှင်းဖြစ်လို့ သမ္မတရာထူးက ပြုတ်လုဆဲ ဖြစ်သွားခြင်း၊ အမေရိကန်နဲ့ကမ္ဘာ့တလွှား နာမည်ကျော် ဘာသာရေးဆရာ၊ ဘုန်းကြီးများ လိင်အရှုပ်ရှင်း၊ နိုင်ငံခေါင်းဆောင်များ လိင်အရှုပ်ရှင်း စတဲ့ ကာမဂုဏ်မချုပ်တည်းနိုင်လို့ ထိပ်ဆုံးရောက်မှာ အရှက်တကွဲ ပြုတ်ကျမှုတွေ များစွာတွေ့ရပါတယ်။ ပိုက်ဆံချမ်းသာရင် မိန်မ (လိင်ကိစ္စ) အတူလိုက်ပါလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ယောင်္ကျားသူဌေးက လောကမှာ ပိုပြီးများတယ်။ ယောင်္ကျားတွေက ကာမဂုဏ် ပိုပြီးလိုက်စားတော့ မိန်းမ၊ ပြည့်တန်ဆာ အဆင့်အတန်းအမျိုးမျိုးကို မနေ့၊ ယနေ့ နဲ့ နောင်ကာလတွေမှာ ရှိမြဲ၊ တွေ့မြဲ ဖြစ်မှာပါ။ ဂျီသရီး ဆိုတဲ့ မြန်မာစကားလုံးကို စစ်အုပ်ချုပ်ရေးနဲ့ နေရတဲ့ မြန်မာများ နားယဉ်ကြပါတယ်။ မြန်မာစစ်တပ်သုံး ဂျာမန်ဒီဇိုင်း မောင်ပြန်သေနပ်နာမည်ဖြစ်ပါတယ်။ G3 ဂျီသရီး ကို လောကအဓိပ္ပါယ်ဖွင့်သူက လူတွေ ငွေ၊ရာထူး အောင်မြင်လာရင် ရှောင်ရမယ်လို့ဆိုပါတယ်။ အဲဒီ ဂျီသရီး (၃ ချက်) ကတော့ နံပါတ်(၁) G1 = Girl (Sex) လိင်ကိစ္စ နံပါတ်(၂) G2 = Gold (money) ရွှေငွေ၊ပိုက်ဆံ၊ ပစ္စည်းဥစ္စာ View slide

နံပါတ်(၃) G3 = Glorify Himself မိမိကိုယ်ကိုမြှင့်တင်ခြင်း (နေရာလိုချင်မှု) တို့ဖြစ်ပါတယ်။ အဲဒီ၃ချက်ဟာ အတူပူးပေါင်းပြီး မိမိဘဝကို တိုက်ခိုက်လေ့ ရှိပါတယ်။ လူတိုင်းလည်း ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိမှာပါ။ ကျနော်အတွက်တော့ ကျွန်တော်ကိုးကွယ်တဲ့ ခရစ်တော်ဘုရားပဲ အားကိုးရပါတယ်။ အင်တာနက်က Myanmar Girl, Myanmar Boy ရုပ်ပုံများကို ဂူဂယ်မှာ ရှာပြီးကြည့်မိပါတယ်။ အားလုံး ကာမဂုဏ်ထိန်းချုပ်နိုင်ပြီး၊ ရွှင်လန်းချမ်းမြေ့ပါစေ.။ ဇော်အောင်(မုံရွာ)။ View slide

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 1/9 Warning: Google prevented a suspicious attempt to sign in to your account. Was it you? × 680 × 607 - phot A Myanmar boy in Bagan: Phot photo.net - 680 × 607 - Search by image previous image in folder, A Myanmar boy in Bagan ... Visit page View image Related images: View more Images may be subject to copyright. - Send feedback Web Images Videos News Maps Search toolsMore SafeSearch +M. Zaw Share 1 myanmar boy

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 2/9

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 3/9

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 4/9

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 5/9

9/25/2014 myanmar boy - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 6/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 1/9 Warning: Google prevented a suspicious attempt to sign in to your account. Was it you? × Sexic Thingyan Dress Nightlife Myanmar (Burma), girl in Mand dietmartemps.com - 500 × 750 - Search by image Visit page View image Related images: View more Images may be subject to copyright. - Send feedback Web Images Videos Maps News Search toolsMore SafeSearch +M. Zaw Share 1 myanmar girl

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 2/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 3/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 4/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 5/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 6/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 7/9

9/25/2014 myanmar girl - Google Search https://www.google.com.sg/search?q=myanmar+girl&biw=1304&bih=639&source=lnms&tbm=isch&sa=X&ei=ivAhVPe5DpPhuQSEr4CYBQ&ved=0CA… 8/9

Add a comment

Related presentations

Papantla

Papantla

November 11, 2014

monografia de papantla

Small deck used during Use Case roundtable at JiveWorld 2014. On each on the 14 ta...

This 30 minute presentation was given at the 2014 Rochester Young Professionals En...

Related pages

Life is a Vibration Games | Bahagia Sehat

Keduanya akan menjadi MESIN PENGHANCUR VIBRASI satu sama lain. And life will turn into living hell !! So, selaraskan vibrasi dan waspadai vibrasi anda berdua.
Read more

Kane (Literature) - TV Tropes

Literature / Kane ... Demornte where death has lain and life will no more linger. Land of death where only shadows move in empty cities, ...
Read more

Serving the Nashville community since 1916 www ...

lain, and Life Skills Coaching for Law Enforcement, Fire/ Rescue/EMT, Dispatch, and Corrections. In a short span Serve ...
Read more

The Plague - TV Tropes

Demornte where death has lain and life will no more linger. ... The plague that almost killed the Ancients in the universe is an important part of the setting.
Read more

21 Inspirational Quotes In Hindi - 21 सुविचार जो जिंदगी बदल दे

V.nice lain and life ke liye nyi urja bhar skte hai. Reply. Bhavesh Bawankar says: July 10, 2016 at 10:41 pm.
Read more

ဂေး - chanood.com

Lain.and.life 25 စက်တင်ဘာ 2014 ... ယောင်္ကျား စိတ်၂မျိုးရှိတဲ့ ...
Read more